လေယာဉ်၊ရဟတ်ယာဉ်ပစ်လက်နက်တွေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာရင်တိုက်တန်တဲ့ဆုချီးမြှင့်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ဩဂုတ် ၆၊ The Nation Voice

လေယာဉ်၊ရဟတ်ယာဉ် ပစ်လက်နက်တွေနဲ့ အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် သူတွေကိုထိုက်တန်စွာ ဆုချီးမြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဩဂုတ် ၆ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ အဲဒီလို ဖော်ပြခဲ့ပြီး ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေအပေါ် အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကိုဟန့်တားနိုင်မယ့်လက်နက်တွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်၊ကချင်၊ကရင်နီနဲ့စစ်ကိုင်း၊မကွေးအပါအဝင် ဒေသအသီးသီးမှာ ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုကိုအလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့သလို စစ်ရှောင်တွေနဲ့ ပြည်သူလူထုနေထိုင်ရာနေရာတွေကိုလည်း လေကြောင်းကနေပစ်မှတ်ထားဗုံးကြဲတာ ၊ပစ်ခတ်တာ တွေ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အရင်ကလည်း ကြေညာချက်ထုတ်ပြန်ပြီး လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်၊တင့်ကားတွေနဲ့ CDM ပြုလုပ်တာ၊ဒါမှမဟုတ် အဲဒီယာဉ်တွေကိုဖောက်ခွဲ ဖျက်ဆီးတာတွေ ပြုလုပ်နိုင်ခဲ့ရင်ဆုကြေးငွေထိုက်တန်စွာပေးအပ်မယ်လို့အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *