ဩဂုတ် ၇၊ The Nation Voice
စစ်ကိုင်းကနေ မုံရွာဘက်ကိုဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ကသတင်းထုတ်ပြန်ပါတယ်။
မနေ့က ဩဂုတ် ၆ရက် နေ့လည်ပိုင်းမှာ ကား(၁၆)စီးပါ စစ်ကောင်စီတပ် ယာဉ်တန်းကို မြင်းမူမြို့နယ် နဘဲကြူးကျေးရွာနဲ့ ပျော့ကျေးရွာ အကြားမှာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ပဒေသာမိုင်း ၇လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်ယာဉ် တစ်စီးနေကာမှန်ကွဲပြီး စစ်ကောင်စီတပ်သားတွေထိခိုက်ကာ တစ်ဦးသေဆုံးခဲ့တယ်လို့အသိပေးဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ တောကျီးကန်း စစ်ဆင်ရေးအား ဂုဏ်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) ကထုတ်ပြန်ပါတယ်။
