သြဂုတ် ၇၊ The Nation Voice
စနေနေ့က ခရိုအေးရှားနိုင်ငံလမ်းမတစ်ခုပေါ်မှာ ပိုလန်ဘုရားဖူးတွေတင်ဆောင်လာတဲ့ခရီးသည်တင်ကား တစ်စီး လမ်းချော်တိမ်းမှောက်ခဲ့တာကြောင့် လူ(၁၂)ဦးသေဆုံးခဲ့ပါတယ်။
အသက်ရှင်ကျန်တဲ့ခရီးသည် (၃၂)ဦးစလုံးလည်း ဒဏ်ရာရထားပြီး(၁၉)ဦးစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ Brotherhood of St Joseph Catholic အဖွဲ့က စီစဉ်တဲ့ခရီးစဉ်မှာ ဘုန်းတော်ကြီး(၃)ပါးနဲ့ သီလရှင်(၆) ပါးလည်း လိုက်ပါလာပါတယ်။သူတို့အားလုံးက ဘော့စနီးယားမှာရှိတဲ့ မက်ဒျူဂေါ်ဂျီကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းကိုသွားနေကြတာပါ။
ခရီးသည်အားလုံးက အရွယ်ရောက်ပြီးပိုလန်နိုင်ငံသားတွေလို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။သောကြာနေ့ညဝတ်ပြုဆုတောင်းမှုအပြီး ပိုလန်နိုင်ငံ၊ ဇက်စတိုချိုဝါမြို့ကနေ ထွက်လာပြီး ခရီးသည်တွေဟာ ပိုလန်နိုင်ငံအနှံ့အပြားကဖြစ်ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ဘာကြောင့် ကားမှောက်တယ်ဆိုတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ခရိုအေးရှားဘက်ကပြောထားပါတယ်။
