ဩဂုတ် ၈၊ The Nation Voice
ဒီကနေ့မှာကျရောက်တဲ့ ၈လေးလုံးအရေးတော်ပုံ (၃၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စကစ ကလုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဆူးလေလူကူးကုန်းတံတား၊ဗိုလ်ချုပ်ဈေး၊အင်းလျားကန်ဘောင်နဲ့လှည်းတန်းစတဲ့နေရာအနှံ့အပြားမှာ ‘၈’လေးလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

လူထုလူတန်းစားတစ်ရပ်လုံးက စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ‘၈’လေးလုံးအရေးတော်ပုံကြီးမှသည် ၂၀၂၁ နွေဦးတော်လှန်ရေး အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဟာ မပြီးဆုံးသေးပဲ နှစ်ပေါင်း(၇၀)ကျော်တိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ပါမကျန်ရှင်းလင်းဖို့ လူထုလူတန်းစားတရပ်လုံး အတူတူပုန်ကန်တော်လှန်ကြဖို့ ရန်ကုန်လူထုသပိတ်မှ တပ်လှန့်နှိုးဆော်အပ်ပါတယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပြောဆိုထားပါတယ်။

#thenationvoicemyanmar
#၈၈၈၈ #သပိတ်
