ဘရာဇီးဂျူဂျစ်ဆုစံချိန်တင်အားကစားသမား ကလပ်ထဲမှာသေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၈၊ The Nation Voice

ဘရာဇီးနိုင်ငံရဲ့ဂျူဂျစ်ဆုချန်ပီယံစံချိန်တင်အားကစားသမား လီရန်ဒရို လိုကို ဆော်ပေါ်လိုမြို့က ညပျော်ပွဲစားရုံမှာ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိတဲ့သူ့ကို အခုထွက်ပြေးနေတဲ့တာဝန်ချိန်ပြင်ပရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့ချိန်မှာ ဆော်ဒီနယ်မြေမှာရှိတဲ့ကလပ်တစ်ခုမှာရှိနေတာပါ။ သူ့ကိုဆေးရုံပို့ခဲ့ပေမဲ့ နာရီပိုင်းအကြာမှာ ဦးနှောက်သေဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။ သူဟာ ဂျူဂျစ်ဆုအားကစားသမားတွေထဲမှာ အအောင်မြင်ဆုံးတယောက်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဆု (၈)ကြိမ်ရထားသူပါ။

ဘရာဇီးနိုင်ငံမြို့တော်ဆော်ပေါ်လိုတောင်ပိုင်းက အားကစားနဲ့ပျော်ပွဲစားရုံတွဲထားတဲ့ Clube Sirio ကလပ်မှာ မိတ်ဆွေတွေနဲ့ရှိနေတုန်း တာဝန်ချိန်ပြင်ပရဲအရာရှိတစ်ဦး ချည်းကပ်လာတယ်လို့ ဒေသခံမီဒီယာတစ်ခုကဖော်ပြတဲ့ ရဲအစီရင်ခံစာမှာပါဝင်ပါတယ်။ စားပွဲမှာ ရဲအရာရှိက ပုလင်းနဲ့ခြိမ်းခြောက်တဲ့အမူအရာလုပ်ပြပြီးနောက် လီရန်ဒရို လိုက သူ့ကိုချုပ်ပြီး ထွက်သွားဖို့ပြောတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ အဲဒီနောက် ရဲအရာရှိက သေနတ်ထုတ်ပြီး လီရန်ဒရို လိုကို နဖူးကိုတည်ပစ်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။သူ့ကို ဆေးရုံအမြန်ခေါ်သွားခဲ့ပေမဲ့ ဦးနှောက်သေဆုံးသွားတယ်လို့ မိသားစုရှေ့နေကပြောပါတယ်။ သူ့အခြေအနေပြန်ကောင်းမလာနိုင်တော့ဘူးလို့ သူ့မိသားစုကပြောပါတယ်။

လူသတ်ရန်ကြံစည်မှုနဲ့ စုံစမ်းစစ်ဆေးနေပြီး ထွက်ပြေးနေတဲ့သံသယတရားခံကို ရဲတွေက ရှာဖွေနေပါပြီ။လီရန်ဒရို လိုဟာ ကမ္ဘာ့ချန်ပီယံဆု(၈)ကြိမ်ကို မတူညီတဲ့ဝိတ်တန်း(၃)ခုနဲ့အနိုင်ရထားတာဖြစ်ပါတယ်။

Source – BBC Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *