သြဂုတ် ၈၊ The Nation Voice
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ရေးလွယ်ကူချောမွေ့အောင် တရုတ်နိုင်ငံက ကူညီမယ်လို့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တနင်္ဂနွေနေ့မှာကတိပြုပါတယ်။
“သူတို့ပြန်လာတဲ့အခါ(၃)လကနေ(၄)လအထိ အစားအစာထောက်ပံ့ပေးဖို့ကမ်းလှမ်းထားပြီး အိမ် (၃၀၀) လောက်ဆောက်ထားတဲ့ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေပြန်နိုင်ဖို့ လွယ်ကူချောမွေ့အောင်လုပ်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကတိပြုပါတယ်။ တိုးတက်မှုတစ်ခုပါပဲ”လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်က ဝမ်ယီနဲ့ တနာရီကြာအောင် ဆွေးနွေးမှုတွေလုပ်ပြီးတဲ့နောက် သတင်းထောက်တွေကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေတည်ငြိမ်ချင်တယ်လို့ အာဏာသိမ်းစစ်တပ်က တရုတ်နိုင်ငံကိုပြောထားတယ်ဆိုပြီးလည်း မိုမန်ကပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ကစခန်းတွေမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာ(၈၃၈၀၀၀)စာရင်းကို မြန်မာနိုင်ငံဆီလွှဲပြောင်းပေးထားပြီး မြန်မာဘက်က ပြန်လာဖို့အတည်ပြုထားသူ(၄၂၀၀၀)ရှိနေပါတယ်”လို့လည်း မိုမန်ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို(၂)ရက်ကြာခရီးစဉ်ရောက်ရှိခဲ့တဲ့ဝမ်ယီက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်(၂) နိုင်ငံ ရိုဟင်ဂျာနေရပ်ပြန်ရေးသဘောတူလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရိုဟင်ဂျာတစ်ယောက်မှ မြန်မာနိုင်ငံကို နေရပ်ပြန်ရေးအစီအစဉ်နဲ့ပြန်တာမရှိသေးလို့ ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍပိုအားကောင်းလာဖို့ မျှော်လင့်နေပါတယ်။
၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့တဲ့ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ(၅)နှစ်အတွင်း(၁.၂)သန်းရှိလာပါပြီ။
နိုင်ငံသားဖြစ်ခွင့်နဲ့လုံခြုံရေးအာမခံချက်မရှိရင် နေရပ်ပြန်ဖို့ငြင်းဆိုတာကြောင့် ရိုဟင်ဂျာတွေကိုနေရပ်ပြန်ပို့ဖို့ကြိုးစားမှု(၂)ကြိမ် မအောင်မြင်ခဲ့ပါဘူး။

Photo – New Age BD