မကွေးတိုင်း၊ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့တယ်လို့ ဆောပ.အ.ဖ က ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလို စစ်ဆေးရာ ကလေးတွေမှာ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းတွေကိုတွေ့ရှိရပြီး သွားနဲ့ ခံတွင်းရောဂါ တွေလည်းတွေ့ရှိခဲ့ရကြောင်းဖော်ပြထားပါတယ်။

ကျန်းမာရေးဌာနအနေနဲ့ ကလေးတွေကို တက်နိုင်တဲ့ ကုသမှုတွေလုပ်ဆောင်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဆေးဝါးလိုအပ်မှုတွေရှိတဲ့အတွက် ပြည်သူလူထုများအနေနဲ့ ကူညီပံ့ပိုးပေးကြဖို့လည်း ဆောပ.အ.ဖက မေတ္တာရပ်ခံထားပါတယ်။

#thenationvoicemyanmar
#ဆော #မကွေ