ဩဂုတ် ၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်ထဲကို မြေပြင်ကရောရေပြင်ကနေပါတက်လာတဲ့ စကစ တပ်တွေကို နေရာ(၃)နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စကစတပ်သား(၁၆)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KLG PDF ကသတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်(၇)နက်ရက်နေ့ ကနီမြို့ကနေ ရေလယ်ကျွန်းပျူရွာကို အင်အား(၄၀)ခန့်နဲ့ ရိက္ခာလာပို့တဲ့ စကစတပ်သားတွေကို (ကျောက်လုံးကြီး)အဖွဲ့က စနိုက်ပါနဲ့ပစ်ခတ်ရာ စကစတပ်သားတစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကနီမြို့ရေကြောင်းကနေ ဆန်တက်လာတဲ့ အင်အား(၂၀၀)ခန့်ပါ စကစ စစ်သင်္ဘောဖလက် (၄)စီးကို ဩဂုတ်(၇)ရက်နေ့ညနေ(၄)နာရီကျော်လောက်မှာ ပဲခင်းရွာနဲ့ကဲဒေါင်ရွာကြားအရောက် KLG PDF အဖွဲ့က ရှေ့ထွက်မိုင်းတွေ၊လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စကစတပ်သား(၁၀)ဦးထက်မနည်းသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပဲခင်းရွာနဲ့ကဲဒေါင်ရွာအကြား ပစ်ခတ်ခဲ့တဲ့ စကစရေယာဉ်အုပ်စုကို ဩဂုတ်(၇)ရက်နေ့ညနေ(၆)နာရီလောက်မှာ ကင်းကျေးရွာအနီးသို့အရောက် KLG PDF က ထပ်မံတိုက်ခိုက်ခဲ့ရာ အနည်းဆုံး စကစတပ်သား(၅)ဦး ထပ်မံသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စကစရေယာဉ်အုပ်စုကို ဒေသခံ(ပ.က.ဖ)တွေက မြစ်ကမ်းတစ်လျှောက်ကနေစောင့်ကြိုတိုက်ခိုက်လျှက်ရှိပြီး စကစတပ်သားတွေ အထိအခိုက်အသေဆုံးများပြားနေလျှက်ရှိပါတယ်။
