သြဂုတ် ၉၊ The Nation Voice
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အလေးပေးတဲ့ဆုံးဖြတ်ချက်ကို ထိုင်းအကောက်ခွန်ဗဟိုတရားရုံးက ချမှတ်လိုက်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ရှင်ကော်ပိုရေးရှင်းကရှယ်ယာရောင်းချမှုကြောင့် အခွန်ဘတ်သန်း (၁၇၀၀၀)ပေးဖို့ အကောက်ခွန်ဌာနရဲ့ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပေးလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကို တရားရုံးက တနင်္လာနေ့မှာ ဆုံးဖြတ်ချက်ချလိုက်တာပါ။
ဇူလိုင် ၁၈ ရက်မှာ သက်ဆင်ရဲ့ကလေး ပန်သောင်တေးနဲ့ ပင်တောင်တာတို့ကို အကောက်ခွန်စစ်ဆေးဖို့ ဌာနကဆင့်ခေါ်ခဲ့တာဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ တရားရုံးကဆုံးဖြတ်ပြီး သူတို့ဟာ သက်ဆင်အတွက် ရှယ်ယာတွေကိုထိန်းသိမ်းပေးထားတဲ့ လက်ဝေခံတွေသာဖြစ်တယ်လို့လည်း ပြောပါတယ်။ အကောက်ခွန်ဌာနအနေနဲ့ အကောက်ခွန်စစ်ဆေးဖို့ သက်ဆင်ကို ဆင့်ခေါ်သင့်ပေမဲ့ နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ မလုပ်နိုင်ခဲ့ဘူးလို့ တရားရုံးကပြောပါတယ်။
ရှယ်ယာရောင်းချမှုကြောင့် ရှင်ကော်ပိုရေးရှင်းမှာ ရှယ်ယာပိုင်ဆိုင်မှုပြောင်းလဲသွားခြင်းမရှိဘဲ သက်ဆင်က ရှယ်ယာပိုင်ရှင်အဖြစ် ဆက်ရှိနေပြီး အကောက်ခွန်ဥပဒေအရ အခွန်ပေးဆောင်စရာမလိုဘူးလို့လည်း ပြောပါတယ်။ အကောက်ခွန်အရာရှိတွေနဲ့ သက်ဆင်ရဲ့အယူခံကိုသုံးသပ်ဖို့ ဖွဲ့စည်းထားတဲ့ကော်မတီက အခွန်စစ်ဆေးခဲ့တာဟာ တရားဥပဒေနဲ့မညီဘူးလို့လည်း အသိပေးပါတယ်။ ဒါ့ကြောင့် ဘတ်သန်း (၁၇၆၀၀)အခွန်ပြန်ဆောင်ဖို့ ဌာနရဲ့ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရာရှိတွေကတော့ သူတို့စီရင်ပိုင်ခွင့်ရှိတဲ့အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး အကြွေးပြန်ပေးဖို့ လုပ်ခဲ့တာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
၂၀၁၇ ခုနှစ်၊ မတ်လမှာ အခွန်သတိပေးစာတရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်တလအကြာမှာ သက်ဆင်က အမိန့်ကို အယူခံဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကောက်ခွန်ဌာနနဲ့ ကော်မတီတို့ကို ဝန်ကြီးချုပ်ဟောင်းက အကောက်ခွန်ဗဟိုတရားရုံးမှာ တရားစွဲခဲ့တာပါ။

Photo- Bangkok Post