ဩဂုတ် ၉၊ The Nation Voice
ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း-(၁)၊တပ်ရင်း-(၅)၊တပ်ရင်း-(၆)တို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ်သတိပေးချက်ထုတ်ပြန်လာပါတယ်။
ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်လာတဲ့ထုတ်ပြန်ချက်မှာ (၁)လက်ရှိဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျေးရွာတွေမှာ ပြန်လည်အခြေချနေတဲ့ ကျေးရွာသူ/သားတွေအတတ်နိုင်ဆုံး ကျေးရွာမျတွေကနေ ထွက်ခွာသွားကြဖို့၊(၂)ဒီးမောဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျေးရွာတွေမှာ ပြန်လည်အခြေချနေထိုင်တာမလုပ်ဖို့(၃)ရွာသူ/သားတွေ အကြမ်းဖက်စစ်ကောင်စီရဲ့ အချိုသတ် စည်းရုံးသိမ်းသွင်းတာကနေ အတတ်နိုင်ဆုံး ရှောင်ထွက်သွားကြဖို့နဲ့(၄)ကျေးရွာလူကြီးတချို့နှင့် ကျေးရွာသူ/သားအချို့ကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ငန်းတွေ လည်ပတ်မှုမရှိစေဖို့ စကစနဲ့ ပူးပေါင်းဆောင်ရွက်တာ လုံးဝ (လုံးဝ) မပြုကြဖို့ စတဲ့အချက်(၄)ချက်ပါဝင်ပါတယ်။
အခုလက်ရှိမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ဟာ နေ့စဉ်နဲ့အမျှ စကစကို မဟာမိတ်တွေနဲ့အတူပူးပေါင်းကာ တိုက်ခိုက်နေပြီး ကရင်နီမှာတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်လူဦးရေဟာ တစ်နေ့ထက်တစ်ပိုမိုများပြားလာနေပါတယ်။ ဒါ့ကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့လူထုတွေနဲ့ကျေးရွာအတွင်းပြန်လည်အခြေချနေတဲ့ ဒါမှမဟုတ်ပြန်လည်အခြေချလိုတဲ့လူထုတွေကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDF-တပ်ရင်း-(၁)၊တပ်ရင်း-(၅)၊တပ်ရင်း-(၆)တို့က အခုလို တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။
အထက်ပါဖော်ပြပါ တိုက်တွန်းတောင်းဆိုချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက KNDF တပ်ရင်း-(၁)၊တပ်ရင်း-(၅)၊တပ်ရင်း-(၆)အနေနဲ့ လုပ်ထုံး/လုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အတိအလင်းထုတ်ပြန်ပြောဆိုထားပါတယ်။

