မြိုင် – ပခုက္ကူ လမ်းကို လုံး၀ အသုံးမပြုဖို့ မြိုင်ပကဖ ထပ်မံ သတိပေး

ဩဂုတ် ၉၊ The Nation Voice

စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်လျက်ရှိတာကြောင့် မြိုင် – ပခုက္ကူ ကားလမ်းကို လုံး၀ အသုံးမပြုဖို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒီကနေ့ မှာ ထပ်မံ ထုတ်ပြန်ပါတယ်။ မြိုင်-ပခုက္ကူကားလမ်းကို အသုံးမပြုဖို့ ဩဂုတ်လ ၆ ရက်နေ့မှာ စာထုတ်ပြန်ခဲ့ပေမယ့် တချို့ကားတွေ ဖြတ်သန်း သွားလာနေတဲ့အတွက် အခုလို ထပ်မံ သတိပေးလိုက်တာဖြစ်ပါတယ်။

အခုထပ်မံသတိပေးလိုက်တဲ့ ကြေငြာချက်ကို မလိုက်နာလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း မြိုင် ပကဖက ထုတ်ပြန်ပါတယ်။ ဩဂုတ် ၆ရက်က မြိုင်မြို့နယ်မှာ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပျူစောထီး တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်အချို့ ကျဆုံးဒဏ်ရာရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *