သြဂုတ် ၉၊ The Nation Voice
အမေရိကန်ပြည်ထောင်စုမှာ ရောဂါလက္ခဏာမပြတဲ့ပိုလီယိုလူနာ ထောင်ဂဏန်းအထိရှိနိုင်ကြောင်း နယူးယောက်ပြည်နယ်က ကျန်းမာရေးအရာရှိတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့လက နယူးယောက်ပြည်နယ်၊ရော့လန်းခရိုင်မှာ ကာကွယ်ဆေးမထိုးထားတဲ့အမျိုးသားတစ်ဦး ပိုလီယိုဗိုင်းရပ်စ်ကြောင့် အကြောဆိုင်းသွားကြောင်းကြေညာပြီးနောက် အခုသတိပေးချက်ရှိလာတာပါ။
လူနာမှာတွေ့ရတဲ့ပိုလီယိုဗိုင်းရပ်စ်ဟာ လန်ဒန်နဲ့ဂျေရုစလင်မြို့တို့က ရေဆိုးမြောင်းတွေမှာတွေ့ရတဲ့ဗိုင်းရပ်စ်နဲ့မျိုးဗီဇဆက်စပ်မှုရှိနေပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုလည်း ကာကွယ်ဆေးထိုးတဲ့အရှိန်မြှင့်တင်ဖို့ သတိပေးထားပါတယ်။
အမေရိကန်ကကြေညာထားတဲ့လူနာဟာ ကာကွယ်ဆေးကြောင့်ဖြစ်လာတဲ့ပိုလီယိုရောဂါခံစားနေရတာပါ။တချို့နိုင်ငံတွေက အားပျော့နေတဲ့ပိုလီယိုဗိုင်းရပ်စ်ကို ကာကွယ်ဆေးမှာထည့်သွင်းအသုံးပြုတာကြောင့် အလားတူကူးစက်မှုဖြစ်နိုင်ပါတယ်။
ရှားပါးဖြစ်စဉ်တွေမှာ အဲဒီဗိုင်းရပ်စ်က မျိုးဗီဇပြောင်းပြီး သန့်သန့်ရှင်းရှင်းမနေထိုင်ရာကနေ ကာကွယ်ဆေးမထိုးထားသူတွေကို ကူးစက်နိုင်ပါတယ်။ကမ္ဘာအနှံ့ခရီးသွားနေနိုင်ချိန်မှာ အလားတူကူးစက်မှုတွေဟာ ပိုလီယိုရောဂါကူးစက်မှုတွေမတွေ့ရတဲ့နိုင်ငံတွေနဲ့ ကာကွယ်ဆေးထိုးနှုန်းနည်းတဲ့နိုင်ငံတွေမှာလည်း ကူးစက်မှုတွေရှိလာနိုင်ပါတယ်။
မူလရောဂါထက်အားပျော့ပေမဲ့ ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ပိုလီယိုရောဂါကလည်း ဆိုးရွားတဲ့နာမကျန်းဖြစ်မှုတွေဖြစ်လာနိုင်ပါတယ်။ဗိုင်းရပ်စ်က ကျောရိုးက အာရုံကြောတွေနဲ့ ဦးနှောက်အောက်ခြေတို့ကို တိုက်ခိုက်နိုင်ပါတယ်။
ဒါကြောင့် ခြေထောက်တွေမှာအများဆုံးအကြောသေနိုင်ပြီး အသက်ရှူရာမှာအသုံးပြုတဲ့ကြွက်သားတွေကိုထိခိုက်ရင်တော့ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။အမေရိကန်နဲ့ဖွံ့ဖြိုးပြီးနိုင်ငံအများစုက ဗိုင်းရပ်စ်မပါတဲ့ကာကွယ်ဆေးပုံစံအသစ်တစ်မျိုးကို အသုံးပြုနေပါတယ်။

Photo – Getty Images