ဩဂုတ် ၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊ရွှေဘိုလမ်းမကြီးအတိုင်းမောင်းနှင်လာတဲ့ စကစတပ်သားတွေလိုက်ပါစီးနှင်းလာတဲ့ (၁၂)ဘီးကားတစ်စီးကို ဒီမနက်(၄)နာရီကျော်လောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့ကထုတ်ပြန်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စကစဘက်က (၁၂)ဘီးကားတစ်စီးထပ်ရောက်လာပြီး စကစတပ်သားတွေ မိုင်းဆင်းရှာနေချိန်မှာ ကျန်တဲ့မိုင်းတွေနဲ့ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စုစုပေါင်းစကစတပ်သား (၂၅)ယောက်သေဆုံးကာ (၁၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့နယ်စီးမခြားစစ် ကိုင်းသားတပ်ဖွဲ့နဲ့အတူ စစ်ကိုင်းရင်း၂တပ်စိပ်၄တပ်ခွဲ၂၊PHOENIX(SGG)၊ဆားတောင်မိုးကြိုး၊ YOUNG WOLF စတဲ့ မဟာမိတ်ညီနောင်အဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့ဟာ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီကို မိုင်းတွေ၊လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အထိနာအောင်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဩဂုတ်(၇)ရက်နေ့တုန်းကလည်း ရွှေဘိုလမ်းကြီးအတိုင်း မောင်နှင်လာတဲ့စကစတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စကစတပ်သား(၁၂)ဦးသေဆုံးခဲ့ပါသေးတယ်။
