ဩဂုတ် ၉၊ The Nation Voice
မကွေးတိုင်းမြောက်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ အနောက်ပိုင်းတိုင်း၊တပ်မဟာ(၇)၊တပ်ရင်း(၇၁၀)၊တပ်ခွဲ(၁)က ထုတ်လုပ်ထားတဲ့ လက်လုပ်လက်နက်ကြီးေတွကို ထုတ်ဖော်ပြသလာပါတယ်။ အဲ့ဒီလက်နက်ကြီးတွေဟာ စကစကိုတိုက်ခိုက်ရာမှာ အဓိကခြိမ်းခြောက်နိုင်တဲ့ လက်လုပ်လက်နက်ကြီးတွေဖြစ်သလို စကစရဲ့ထိုးစစ်တွေကိုခုခံရာမှာ လည်းဒေသခံ(ပ.က.ဖ)တွေ အားကိုရတဲ့လက်နက်ကြီးတွေဖြစ်တယ်လို့ သိရပါတယ်။

“ဒီလက်နက်ကြီးတွေကို နည်ပညာအဆင့်မြှင့်တင်ဖို့လည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။လက်နက်မပြည့်စုံခင်ကာလမှာ ကျွန်တော်တို့တပ်ရင်းကလူငယ်တွေရဲ့ဇွဲ၊ထိုးထွင်းကြံဆမှု၊တီထွင်မှုတွေနဲ့ စစ်ကောင်စီတပ်ကိုအမြစ်ဖြုတ်ဖို့ တိုက်ပွဲဝင်နေပါတယ်”လို့လည်း အနောက်ပိုင်းတိုင်း တပ်မဟာ၇၊တပ်ရင်း(၇၁၀)က ထုတ်ဖော်ပြောဆိုထားပါတယ်။

တပ်ရင်း(၇၁၀)ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်မဟာ(၇)ရဲ့ လက်အောက်ခံတပ်ရင်း တစ်ခုဖြစ်ပြီး မကွေးတိုင်းမြောက်ပိုင်းတွေမှာ အဓိကလှုပ်ရှားနေတဲ့တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် တပ်ရင်း(၇၁၀)ဟာ လက်လုပ်လက်နက်တွေကို အဆင့်မြှင့်တင်ဖို့လည်း ပြည်သူလူထုထံ အကူအညီတောင်ခံထားပါသေးတယ်။ လက်လုပ်လက်နက်တွေထုတ်လုပ်ရာမှာလည်းမတော်တဆပေါက်ကွဲမှုတွေကြောင့် PDF ရဲဘော်တွေအကျဆုံးရှိ နေတယ်လို့လည်း သိရပါတယ်။



