သြဂုတ် ၉၊ The Nation Voice
အက်ဖ်ဘီအိုင်အေးဂျင့်အများအပြားဟာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ မာအာလာဂိုစံအိမ်ကို ဝင်စီးနင်းခဲ့ပြီး မီးခံသေတ္တာတစ်လုံးကို ရိုက်ဖွင့်သွားတယ်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကပြောပါတယ်။ ထရမ့်ရဲ့တရားဝင်စာရွက်စာတမ်းတွေကိုင်တွယ်မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ အခုရှာဖွေမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောနေကြပါတယ်။
အိမ်ဖြူတော်ကနေထွက်ခွာရာမှာ မာအာလာဂိုစံအိမ်ဆီ ထရမ့်ယူသွားနိုင်တဲ့စာရွက်စာတမ်းတွေနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်မီဒီယာတွေကဖော်ပြပါတယ်။ ရှာဖွေမှုမှာ စာရွက်စာတမ်းအချို့သိမ်းဆည်းခံလိုက်ရတယ်လို့ ထရမ့်ရဲ့ရှေ့နေ ခရစ္စတီးနာ ဘော့ဘ်က NBC သတင်းအေဂျင်စီကိုပြောပါတယ်။၂၀၂၄ ခုနှစ်၊ အမေရိကန်သမ္မတနေရာအတွက် ယှဉ်ပြိုင်ဖို့ ထရမ့်ကပြင်ဆင်နေကြမှာ တရားဥပဒေစိုးမိုးရေးအရာရှိတွေရဲ့စေ့စေ့စပ်စပ်စစ်ဆေးမှုဖြစ်လာတာပါ။ စီးနင်းမှုဖြစ်ချိန်မှာ ထရမ့်က နယူးယောက်မြို့မှာရှိတဲ့ထရမ့်တာဝါမှာရှိနေတယ်လို့ CBS သတင်းဌာနကဖော်ပြပါတယ်။




