ကျောက်တစ်လုံးရွာအထက်ဘက်ကို ထိုးစစ်ဆင်ဖို့လုပ်လာတဲ့ စကစ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြားသေဆုံး

ဩဂုတ် ၁၀၊The Nation Voice

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ကျောက်တစ်လုံးရွာအထက်ကိုဒီကနေ့မနက်(၄)နာရီကျော်လောက်က စစ်ကြောင်းထိုးဖို့လုပ်လာတဲ့ စကစစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ Myo Hla PDF ကထုတ်ပြန်ပါတယ်။ ကျောက်တစ်လုံးရွာအထက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ ခမရ(၄၁၅)၊ခလရ(၁၀)တို့က ခန်မှန်းအင်အား စကစတပ်သား(၇၅)ယောက်ဟာ ဧရာဝတီမြစ်ကမ်းဘေး‌ရွာတွေနဲ့အနီးတစ်ဝိုက်မြစ်ကြောင်းလုံခြုံရေးယူဖို့အတွက် နယ်မြေရှင်းလင်း၊ထိုးစစ်ဆင်လှုပ်ရှားလာချိန်မှာ KIA -အမှတ်(၅)တပ်ရင်းရဲ့ ဗိုလ်လရောင်တို့အဖွဲ့က ကြိုတင်စောင့်ဆိုင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်မှ ဗိုလ်မှူးတစ်ဦး၊အရာရှိ(၂)ဦး အပါအဝင်(၆)ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အပြီးမှာ စကစတပ်သားတွေက ဒေသခံရွာသားတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ယူထားပြီး သေဆုံးသွားတဲ့ အရာရှိ(၃)ဦးကို မီးသင်္ဂြိုပေးနေကြတယ်လို့လည်း ဆိုပါတယ်။

“မည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် စစ်ကောင်စီ၏ ခွေးလေခွေးလွင့်များအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (MYOHLA K-PDF) မှ တွန်းလှန်တိုက်ခိုက်အမြစ်ပါမကျန်သုတ်သင်ရှင်လင်းသွားပါမည်”လို့လည်း Myo Hla PDF ကသူတို့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါသေးတယ်။ ဒါ့အပြင် Myo Hla K-PDFအနေနဲ့ စားနပ်ရိက္ခာတွေ၊ဆေးဝါးတွေနဲ့လက်နက်ခဲယမ်းတွေလိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဝင်ရောက်ကူညီပေးကြဖို့ကိုလည်း အကူအညီတောင်းခံထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *