ဒီးမော့ဆိုတိုက်ပွဲအတွင်း စကစဘက်က(၁၅)ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

ဩဂုတ် ၁၀၊The Nation Voice

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို ရိက္ခာဖြည့်တင်းဖို့ကြိုးစာလာတဲ့ စကစစစ်ကြောင်းနဲ့ KNDF-B09 တို့ ဩဂုတ်(၁)ရက်နေ့ ကနေဩဂုတ်(၉)ရက်နေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စကစဘက်ကအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့ပေမယ့် KNDF-B09 ဘက်က ပြည်သူတွေ လှူဒါန်းထားတဲ့လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ မြေပြင်က‌ရော၊ဝေဟင်ကနေပါ ထိရောက်စွာအသုံးပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စကစဘက်က(၁၅)ဦးထက်မနည်းသေဆုံးခဲ့ပြီး KNDF ရဲ့ ရဲဘော်(၃)ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF-B09)က နယ်မြေရှင်းလင်းမှုလုပ်ဆောင်နေစဉ် စကစတပ်တွေ ကျန်ခဲ့တဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *