ဩဂုတ် ၁၀၊ The Nation Voice
ကယားပြည်နယ်၊ဖရူဆိုမြို့နယ် ဆိုလားလူကျေးရွာထဲကို ဩဂုတ်(၉)ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စကစစ်ကြောင်းကို ဒေသခံမဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ အလယ်တိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် စကစတပ်သား (၁၁)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ပြီး မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ စကစကို ဆက်လက်တိုက်သွားမှာဖြစ်တယ်လို့လည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပြောထားပါသေးတယ်။ ကယားပြည်နယ်ထဲမှာတော့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ရဲ့ စနိုက်ပါပစ်ခတ်မှုကြောင့် စကစတပ်သားအများအပြားသေဆုံးပြီး အထိနာနေလျှက်ရှိပါတယ်။

