ဖားကန့် ဆယ်ဇင်းရွာကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်မီးရှို့၊လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိ

ဩဂုတ် ၁၀၊ The Nation Voice

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA) တို့က မီးရှို့ခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆယ်ဇင်းဒေသက စစ်ကောင်စီတပ်စခန်းနဲ့ SNA တပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မနေ့က ဩဂုတ် ၉ရက်မှာ ဆယ်ဇင်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က မနေ့က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်ခိုက်တာကြောင့် အရပ်သား ဆယ်နဲ့ချီပြီး ထိခိုက်တာရှိသလို နေအိမ်ရာနဲ့ချီပြီး စစ်ကောင်စီနဲ့ SNA တို့က မီးရှို့ခဲ့ကြတာလို့ဒေသခံက ပြောပါတယ်။

“ အရပ်သားထိခိုက်တာရှိတယ်။ အသက်ဆုံးရှုံးတာလည်းရှိတယ်လို့ ကြားတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ပဲ လောင်တာ။ နောက်ပြန်ဝင်လာပြီးမှ ရှမ်းနီတပ်နဲ့ စစ်တပ်က ပြန်မီးရှို့တာ” လို့ ဒေသခံက ပြောပါတယ်။

ဆယ်ဇင်းဒေသမှာ ဗမာနဲ့ရခိုင်တိုင်းရင်းသား အများစုနေထိုင်ကြတယ်လို့လည်း ကချင်ဒေသခံက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *