အသိုက်ကိုဖျက်ရင် အသက်ကိုပြန်ယူမယ်

သြဂုတ် ၁၀၊ The Nation Voice

မိုင်းဆင်နေတဲ့ PDF ရဲဘော်တွေကို သတင်းပေးပြီးဖမ်းခိုင်းတဲ့ ဒလန်ဘအေးကို အသိုက်ကိုဖျက်လို့ အသက်ကိုပြန်ယူလိုက်တယ်လို့ နောင်ရိုးအထူးပျောက်ကြားတပ်က ထုတ်ပြန်ထားပါတယ်။ ငါန်းဇွန်မြို့နယ် မိုးတောင်ကျေးရွာ စကစခန့်အုပ်ကြီး သေရွာပြန်သက်ခိုင် ရဲ့ တပည့်ကျော်ဖြစ်သူ သတင်းပေးဒလန် ဘအေးဟာ မိုးတောင်ကျေးရွာ မြောက်ဘက်ရှိ ဆေးရိုးစက်မှနေ၍ PDF တွေရဲ့ အသွားအလာကိုစောင့်ကြည့် သတင်းပေးနေသူတစ်ဦးဖြစ်ပါတယ်။

ဒီလ (၆) ရက်နေ့ ညပိုင်းမှာ PDF တွေမိုင်းဆင်နေတာကို ဘအေးက စစ်ကောင်စီတပ်တွေထံ ဖုန်းဆက်သတင်းပေးမှုကြောင့် စစ်တပ်က ချက်ချင်းရောက်လာပြီး ပစ်ခတ်ရှာဖွေမှုပြုလုပ်ခဲ့ရာ PDF ရဲဘော်တွေ အသက်လုရှောင်တိမ်းခဲ့ရပြီး ပစ္စည်းတွေလည်း ဆုံးရှုံးပျက်စီးစေခဲ့တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် သြဂုတ်လ (၁၀) ရက်နေ့ မနက်မှာ နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF က မိုးတောင်ကျေးရွာ လက်ဖက်ရည် ဆိုင်ထဲမှာ သတင်းပေး ဒလန် ဘအေး ကို ငရုပ်သီး တစ်တောင့်နဲ့ အကြွေးပြန်တောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်၊ အကြမ်းဖက် ပျူစောထီးဒလန်တွေနဲ့ အနီးကပ်နေထိုင်ခြင်းမပြုကြဖို့အတွက် မေတ္တာရပ်ခံခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *