အိန္ဒိယနယ်စပ်ဖြတ်ကျော်တဲ့မြန်မာနိုင်ငံသား (၅)ဦးဖမ်းဆီးခံရ

သြဂုတ် ၁၀၊ The Nation Voice

အင်္ဂါနေ့က အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်က နဂါသယ်ရွာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့မြန်မာနိုင်ငံသား(၅)ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒေသတခွင်မှာမြန်မာနိုင်ငံသားရွှေ့ပြောင်းအခြေချသူတွေ တရားမဝင်နေထိုင်နေကြတယ်လို့ တိုင်ကြားမှုတွေရှိတဲ့အတွက် ရဲတပ်ဖွဲ့က အကြီးအကျယ်ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။ရှာဖွေချိန်မှာ အမျိုးသား(၄)ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သက်သေခံအထောက်အထားနဲ့ နိုင်ငံသားဖြစ်ကြောင်းမပြသနိုင်တဲ့အတွက် သူတို့ကို ဥပဒေရေးရာကိစ္စတွေဆောင်ရွက်ဖို့ ထိန်းသိမ်းထားပါတယ်။ နိုင်ငံခြားသားများဆိုင်ရာအက်ဥပဒေချိုးဖောက်မှုနဲ့ သူတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် ဘီရန် ဆင်းက လူမှုကွန်ရက်မှာပြောပါတယ်။မ

Source – Northeast Today Photo – Northeast Today

Leave a Reply

Your email address will not be published. Required fields are marked *