ကိုဗစ်ကူးစက်မှုမှာ မြောက်ကိုရီးယားခေါင်းဆောင် ဖျားနာခဲ့ကြောင်း ထုတ်ဖော်ပြော

သြဂုတ် ၁၁၊ The Nation Voice

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်ဟာ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေပြင်းထန်နေတုန်း အဖျားရှိခဲ့တယ်လို့ သူ့ညီမဖြစ်သူကပြောပြီး သူလည်းဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း အသိပေးလိုက်ပါတယ်။

သူ့အကို ပြင်းပြင်းထန်ထန်ဖျားနာခဲ့ပေမဲ့ အမြန်သက်သာသွားတဲ့အတွက် ချီးကျူးကြောင်း ညီမဖြစ်သူကင်ယိုဂျွန်းကပြောတယ်ဆိုပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုအောင်နိုင်ခဲ့ပြီလို့ ကင်ဂျုံအန်က ကြေညာခဲ့ပြီးနောက်ပိုင်း အခုလိုမှတ်ချက်ပြုတာဖြစ်ပါတယ်။

ကန့်သတ်မှုတွေကိုပြန်ဖြေလျှော့ဖို့နဲ့ ကူးစက်မှုအများအပြားရှိခဲ့ပေမဲ့ သေဆုံးသူ(၇၄)ဦးသာရှိခဲ့တဲ့ထူးဆန်းမှုကိုလည်း ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။ စမ်းသပ်ပစ္စည်းတွေကင်းမဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်လူနာဆိုတာထက် ဖျားနာလူနာဆိုပြီး မြောက်ကိုရီးယားနိုင်ငံမှာသုံးနှုန်းပါတယ်။ မေလမှာ ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာတွေ့ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံကကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဖျားနာလူနာတွေနဲ့သေဆုံးသူတွေရှိကြောင်းကြေညာခဲ့ပေမဲ့ သေဆုံးသူအရေအတွက်အပါအဝင် အချက်အလက်တိတိကျကျနဲ့ပတ်သက်ပြီး သံသယရှိနေကြပါတယ်။

ဇူလိုင် ၂၉ ရက်နောက်ပိုင်း ကူးစက်မှုအသစ်တွေ့ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံဘက်က ကြေညာတာရှိခဲ့ပေမဲ့ စမ်းသပ်မှုအကန့်အသတ်သာရှိတယ်လို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။ ဧပြီလကုန်ပိုင်းကစပြီး ကူးစက်လူနာ(၄.၈)သန်းရှိပေမဲ့ ကမ္ဘာ့အနည်းဆုံးသေဆုံးနှုန်း (ဝ.၀၀၂) ရာခိုင်နှုန်းသာရှိတဲ့ သေဆုံးသူ (၇၄)ဦးသာရှိပါတယ်။

အချက်အလက်တွေက ယုံရခက်ပြီး ကမ္ဘာ့အားအနည်းဆုံးကျန်းမာရေးစနစ်တွေထဲမှာပါဝင်တဲ့နိုင်ငံဖြစ်နေတဲ့မြောက်ကိုရီးယားနိုင်ငံမှာ အရေးပေါ်ဆောင်အနည်းငယ်သာရှိကာ ကိုဗစ်ကုသဆေးနဲ့ကာကွယ်ဆေးတွေမရှိဘူးလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားမှာ ကာကွယ်ဆေးထိုးအစီအစဉ်လည်းမရှိဘဲ အလုံပိတ်ကန့်သတ်မှုတွေ၊ အိမ်တွင်းဆေးမြီးတိုတွေနဲ့ ကုသနေကြပါတယ်။

Source – BBC Photo – Getty Images Caption – ကင်ဂျုံအန်နှင့်ကင်ယိုဂျွန်း

Leave a Reply

Your email address will not be published. Required fields are marked *