ချောင်းဦး PDF လက်ချက်နဲ့ စစ်သား (၁၄) ဦး လမ်းပေါ်မှာ အတုန်းအရုန်းသေ

သြဂုတ် ၁၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ အင်အား (၄၅) ဦးလောက်နဲ့ ခင်မွန်ကျေးရွာကို မိုင်းရှာထွက်လာတဲ့ စစ်ကြောင်းကို ချောင်းဦး PDF က မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား (၁၄) ဦးလောက် လမ်းပေါ်မှာပဲ အတုန်းအရုန်းသေကုန်တယ်လို့ ချောင်းဦး PDF က ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းနဲ့ ဆည်မြောင်းရုံးတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ သံပြားကာ JAMMER ကားတစ်စီးနဲ့ အင်အား (၃၀) ဦးခန့် ၊ ခြေလျင်အင်အား (၁၅) ဦး၊ စုစုပေါင်းအင်အား (၄၅) ဦးခန့်နဲ့ ချောင်းဦးမြို့ကနေ ခင်မွန်ကျေးရွာကို မိုင်းရှာထွက်ခွာခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းကို အောင်ချမ်းသာကျေးရွာနဲ့ ခင်မွန်ကျေးရွာကြားမှာ CHUPDF တပ်ခွဲ (၁)နဲ့ CDF တို့က ရဲဘော်တွေက မိုင်းခွဲခဲ့ရာ သွေးကွက်တွေတွေ့ခဲ့ရပေမယ့် အသေအပျောက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိခဲ့ရပါဘူး။

ဒါပေမယ့် အဲဒီစစ်ကြောင်းကို ခင်မွန်ကျေးရွာကနေ မုံရွာမြို့ဘက်အထွက်လမ်း‌မှာ CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်တွေက ပဒေသာမိုင်း၊ ရှေ့ထွက်မိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၄) လောက်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *