စကစတပ်သားတွေခိုးယူသွားခဲ့တဲ့ ပစ္စည်းတွေကို ပြည်သူထံပြန်လည်အပ်နှံလိုတာကြောင့် ပိုင်ဆိုင်ကြောင်းအထောက်အထားနဲ့ လာရောက်ဆက်သွယ်ဖို့ပြော

ဩဂုတ် ၁၁၊ The Nation Voice

အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စကစတပ်သားတွေ ဆုတ်သွားတဲ့လမ်းတလျှောက်နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့ပြီး လက်ဝတ်ရတနာပစ္စည်းတွေနဲ့အတူ တခြားပစ္စည်းတွေကိုကောင်းမွန်စွာမှတ်တမ်းတင်သိမ်းဆည်းထားရှိတယ် လို့ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊အရာတော်မြို့၊မင်းကြီးကျေးရွာကို မီးရှို့ခဲ့တဲ့ စကစတပ်သားတွေဟာ ဇီးပင်ဝိုင်းကျေးရွာမှာတပ်စွဲထားခဲ့ပြီး မနေ့မနက်ကလေကြောင်းနဲ့ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

စကစတပ်သားတွေခိုးယူသွားခဲ့တဲ့ လက်ဝတ်ပစ္စည်းတွေနဲ့အတူ အခြားပစ္စည်းတွေကို ပြည်သူတွေထံပြန်လည်အပ်နှံချင်တာကြောင့် ပိုင်‌ဆိုင်‌ကြောင်းအထောက်အထားပြနိုင်ရင် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဒါမှမဟုတ် အရာတော်ဒေသခံတော်လှန်ရအဖွဲ့အစည်းတွေကို ဆက်သွယ်ပေးဖို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *