သြဂုတ် ၁၁၊ The Nation Voice
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်တပ်ဖွဲ့ဝင် နှစ်ဦး လက်နက်များနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်ထံ အလင်းဝင်လာတယ်လို့ ဒီကနေ့ သြဂုတ်လ (၁၁) ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီရဲ နှစ်ဦးဟာ ပေါက်မြို့နယ် ဇီးပြားနယ်မြေရဲစခန်းမှ ဖြစ်ပြီး G3 (၁)လက်၊ G4 (၁)လက်နက် ကျည်ဘောက် (၆)ခု၊ ကျည် (၄၇၀)နဲ့ လက်ပစ်ဗုံး (၁)လုံးတို့ကို မြိုင်(ပကဖ)ထံအပ်နှံပြီး CDM ပြုလုပ် အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
” အမြင်မှန်ရကာ ယမန်နေ့ (၂) နာရီခန့်က ပူးပေါင်းလာပါသည် ” လို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။ အဲဒီ CDM ရဲ နှစ်ဦးကို တစ်ဦးလျှင် သိန်း (၁၀၀) ကျပ်စီ ပေးအပ်ဂုဏ်ပြုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း အသိပေးပါတယ်။ ကျန်ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဘော်များအနေဖြင့်လည်း အမြင်မှန်ရကာ ပြည်သူနှင့် ပူးပေါင်းရန် မြိုင်(ပကဖ)က မေတ္တာရပ်ခံထားပါတယ်။ ဓာတ်ပုံ – ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြိုင်(ပကဖ)ထံ ခိုလှုံလာတဲ့ CDM ရဲတစ်ဦးအားတွေ့ရစဉ်။
