ဩဂုတ် ၁၁၊ The Nation Voice
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolution က ဖော်ပြပါတယ်။ ဗန်းမောက်မြို့နယ် ပေကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၀ရက်က (၂)ကြိမ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA/PDF နဲ့ ပကဖ ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။ ဩဂုတ် ၇ရက် ကလည်း ဗန်းမောက်တောင်ပိုင်း ဒယူးတောင်လယ် သက္ကယ်တောင်အနီးမှာ အင်အား (၈၀)ကျော်ပါ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်တယ်လို့ဆိုပါတယ်။
အခု ဩဂုတ်လအတွင်းမှာ စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က (၅)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့တယ်လို့ Banmauk Revolution ရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။ #thenationvoicemyanmar #KIA #PDF #ဗန်းမောက် #စစ်ကိုင်း
