သြဂုတ် ၁၁၊ The Nation Voice
မလေးရှားနိုင်ငံက မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရှင်းလင်းတဲ့ပန်းတိုင်ကိုလိုလားပြီး အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သူတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့အကြံပြုနေသလို တခြားနိုင်ငံတွေကိုလည်း အလားတူလုပ်ဖို့တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်သက်တမ်းကိုလည်း တစ်နှစ်ထက်ပိုထားသင့်တယ်လို့ လည်းဆိုင်ဖူဒင်ကပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းရေးမှာဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဖို့ ကျင့်ဝတ်ရှိတဲ့အာဆီယံအဖွဲ့ကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် (၅)ရပ်ကို အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် စိတ်မရှည်ဖြစ်နေပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံသားတွေကို စိတ်ဓာတ်ရေးရာအရထောက်ခံဖို့နဲ့ အာဏာသိမ်းစစ်တပ်ကအကြမ်းဖက်အဖြစ်သတ်မှတ်တဲ့ စင်ပြိုင်အစိုးရအပါအဝင် အာဏာသိမ်းမှုနောက်ပိုင်းဖွဲ့စည်းလာတဲ့အတိုက်အခံအုပ်စုတွေနဲ့ ထိတွေ့ဆက်ဆံဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ ဆိုင်ဖူဒင်က ထိုင်းနိုင်ငံခရီးစဉ်မှာပြောပါတယ်။
“အခုတော့ တဖက်သတ်ဖြစ်နေတယ်။ ကျွန်တော်တို့ အာဏာသိမ်းစစ်တပ်နဲ့ပဲ ထိတွေ့ဆက်ဆံနေရတယ်”လို့လည်း ဆိုင်ဖူဒင်ကပြောပါတယ်။
လက်တွေ့ကျင့်သုံးနေတဲ့တစ်ခုတည်းသောသံတမန်လုပ်ငန်းစဉ်ဖြစ်နေတဲ့ အာဆီယံဦးဆောင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကူညီပေးဖို့ ကြားခံနိုင်ငံတွေရဲ့ထောက်ခံမှုရနိုင်အောင် ကြိုးစားဖို့ ပြီးခဲ့တဲ့တပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုင်ဖူဒင်ကပြောပါတယ်။
“အာဆီယံကပဲ တစ်ဦးတည်းမလုပ်နိုင်ဘူးဆိုရင် အာဆီယံဆွေးနွေးဖက်နိုင်ငံတချို့နဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ ဆွေးနွေးပွဲလာရောက်ခဲ့သူတချို့ကပြောပါတယ်”လို့ ဆွေးနွေးဘက်နိုင်ငံတွေနဲ့ ထိတွေ့သင့်ကြောင်းပြောတဲ့နိုင်ငံတွေကိုမပြောဘဲ ဆိုင်ဖူဒင်ကပြောပါတယ်။

Photo – Reuters