ဦးပိုင်ဝန်းကိုဖောက်ခွဲပြီး ပြန်ဆုတ်ရာလမ်းကြောင်းမှာ အရပ်ဝတ်ကင်းပုန်းတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရ

သြဂုတ် ၁၁၊ The Nation Voice

စစ်ကောင်စီပိုင်ဆိုင်တဲ့ ဆီကားများရပ်နားရာ သာကေတ (၃၈) ကျောင်းရှေ့ ဦးပိုင်ဟိုတယ်ဝန်းကို ချိန်ကိုက်ဗုံးအကြီးနဲ့ ဖောက်ခွဲရေးလုပ်ဆောင်ခဲ့တယ်လို့ Soul Takers- Yangon Underground Force က ထုတ်ပြန်ပါတယ်။

အဲဒီလိုဖောက်ခွဲမှုပြုလုပ်ပြီး ပြန်ဆုတ်ရာလမ်းကြောင်းမှာ အရပ်ဝတ်ကင်းပုန်းတွေနဲ့ စစ်သားတွေ ရဲတွေက အင်အားသာလွန် ရှိနေတာကြောင့် ထိတွေ ပစ်ခတ်မှုတွေ အပြန်လှန်ဖြစ်ပွားကာ အရေးပေါ်အခြေအနေအရ ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်းမှာ လက်ပစ်မိုင်း အသုံးပြုခဲ့ရခြင်း၊ ခုခံတိုက်ခိုက် ခံရခြင်းများ ရှိတဲ့အတွက် soul takers ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ပေမယ့် ရန်သူအထိအခိုက်ကို အခြေအနေအရ တိကျစွာ တင်ပြနိုင်ခြင်း မရှိဘူးလို့လည်း အသိပေးပါတယ်။

စုံစမ်း စိစစ်နေဆဲဖြစ်တဲ့အတွက် ရန်သူအထိအခိုက် သိရှိရပါက အချိန်နဲ့တပြေးညီ တင်ပြနိုင်ဖို့လည်း ကြိုးစားဆောင်ရွက်နေကာ ယခုအချိန်မှာတော့ ရဲဘော်တွေအားလုံး လုံခြုံတဲ့နေရာကို ရောက်ရှိပြီဖြစ်ပြီး UG အဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ ပင်မဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *