UG တွေ အသက်စွန့် အဖမ်းခံနေရချိန် မဆိုင်သလိုနေနေတဲ့ မြို့ပြပြည်သူတွေကိုတွေ့ရတာ အံ့သြဝမ်းနည်းတယ်လို့ဆို

သြဂုတ် ၁၁၊ The Nation Voice

မန္တလေးမြို့ ၃၅ လမ်းနဲ့ ၃၆ လမ်းကြား၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြား ဒဟတ္တောဘုရားဝန်းအတွင်း တပ်စွဲထားတဲ့ လက်ပစ်ဗုံးတစ်လုံး လက်ဆောင်ပေးခဲ့ရာ နှစ်ဦးသေပြီး တစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ မန္တလေး PDF (MDY-PDF) ကထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေက တင်းတင်းကြပ်ကြပ်လုံခြုံရေးရယူထားတာကြောင့် ဒီလို စစ်ဆင်ရေးတွေလုပ်ဆောင်ရာမှာ အသက်စွန်ကြိုးပမ်းပြီး ခက်ခက်ခဲခဲလုပ်ဆောင်နေရပေမယ့် ပြည်သူတွေအနေနဲ့ အသွားအလာနဲ့ အပျော်အပါးကိစ္စတွေလျော့ချဖို့ မေတ္တာရပ်ခံထားပါတယ်။

မြို့ပြရဲဘော်တွေ အဖမ်းစီးခံရပြီး ကျဆုံးနေချိန်မှာ ကိုယ်နဲ့မဆိုင်သလို နေစိမ့်နိုင်လွန်း ပျော်ပါးနေတဲ့ မြို့ပြပြည်သူတွေကို တွေ့နေရတာ အံ့သြဝမ်းနည်းမိပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ တော်လှန်ရေး သစ္စာကို ဦးလည်မသုန် ဆက်လက်ထမ်းဆောင်မည်လို့လည်းဆိုပါတယ်။

ဒါ့ကြောင့် မြို့ပြတော်လှန်ရေးအဖွဲ့တွေ လွန်စွာခက်ခဲနေချိန်မှာ အပျော်အပါးတွေလျော့ချပြီး ဝိုင်းဝန်းကူညီပေးဖို့အတွက် ထပ်မံမေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *