ဩဂုတ် ၁၂၊ The Nation Voice
စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-မုံရွာမြို့နယ် ထုတ်လုပ်ရေးစခန်းက ကာဘိုင်သေနတ်တွေ၊ Air Dropping Bomb နဲ့မိုင်းအမျိုးအစားအများအပြားကို ထုတ်လုပ်အောင်မြင်ခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။ အဲ့ဒီထုတ်လုပ်အောင်မြင်ခဲ့တဲ့လက်နက်အမျိုးအစားတွေကို တခြားကျေးရွာ (ပကဖ)တွေဆီ ဖြန့်ဝေပေးနေတာ သေနတ်အလက်(၅၀)ကျော်နဲ့ မိုင်းအလုံး(၃၀၀)ရှိနေပြီလို့လည်း သိရပါတယ်။

“ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်၏ ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်သော ပြောင်းအရစ် ပါ ပကဖ ဘောက်ထိုး ရိုင်ဖယ် (5.56, 7.62, G3) လက်နက်ငယ်များ၊ Air Dropping Bomb နှင့် မိုင်း အမျိုးအစားများဖြစ်ပါသည်။ မုံရွာမြို့နယ် ပကဖ ၏ လမ်းညွန်မှုနှင့်အညီ ဖွဲ့စည်းထားသော ကျေးရွာ ပကဖများအတွက် အဓိက ထုတ်လုပ်ဖြန့်ဝေပေးလျှက်ရှိပါသည်။လက်နက်ငယ် အချောင်းရေ (၅၀) ကျော် နှင့် မိုင်း အမျိုးမျိုး အလုံး (၃၀၀) ကျော် ဖြန့်ဝေပြီး ဖြစ်ပါသည်”လို့ မုံရွာ(ပကဖ)ရဲ့လူမှုကွန်ယက်ရက်မှာ ထုတ်ပြန်ထားတာပါ။

မုံရွာ(ပကဖ)ဟာ ဩဂုတ်(၂)ရက်နေ့တုန်းကလည်း စကစရဲ့ထောက်တိုင်ဖြစ်တဲ့ မိုင်တဲရုံးကို မဟာမိတ်တွေနဲ့အတူဝင်ရောက် ဝင်ရောက်စီးနင်းခဲ့ပြီး သိမ်းဆည်းရမိတဲ့ပစ္စည်းတချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ #thenationvoicemyanmar #PDF #Airdropingbomb #မိုင်း #သေနတ်






