ဩဂုတ် ၁၂၊ The Nation Voice
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ထွေအုပ်ရုံးကို ဒီကနေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ဗိုလ်မှူး ကျော်မင်းဟန် သေဆုံးခဲ့တယ်လို့ Banmauk Revolution က အသိပေးထုတ်ပြန်ပါတယ်။ မြို့နယ်ထွေအုပ်ရုံးကို ဒီမနက် ၉နာရီမှာ ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဒလန်ရှင်းလင်းရေး မစ်ရှင် တချို့ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြည်သူလူထုတချို့က တားမြစ်ချက် မလိုက်နာလို့ ဒလန်ရှင်း မစ်ရှင် တချို့ဖျက်သိမ်းခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးက ထုတ်ပြန်တဲ့ ကြေညာချက်တွေ တားမြစ်ချက်တွေကို အထူးဂရုပြုလိုက်နာပေးကြဖို့လည်း ထပ်မံ ပန်ကြားထားပါတယ်။
