မုန်းမြို့နယ်တိုက်ပွဲ ၄ကြိမ်အတွင်း စစ်ကောင်စီတပ်က ၁၂ဦးသေဟု KNU အသိပေး

ဩဂုတ် ၁၂၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့ အခုဩဂုတ်လအတွင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၁၂)ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

KNLA တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၅ရက်ကနေ ၁၀ရက်နေ့ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှု ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ မုန်းမြို့နယ်အတွင်းက တယ်ပေါနဲ့ ကရင်မြက်ရဲ ကျွေးရွာအကြားမှာ ဩဂုတ် ၁၀ရက်က တိုက်ပွဲ (၂)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က(၉)ဦးသေဆုံးခဲ့ကြောင်း KNU ကထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၅) ရက်မှာ ငှက်ပျောတောကျေးရွာ အနီး တိုက်ပွဲဖြစ်ခဲ့လို့ စစ်ကောင်စီတပ်က အရာခံဗိုလ် (၁) ဦးနဲ့ တပ်သား (၁) ဦး သေဆုံးခဲ့ကြောင်းနဲ့ဩဂုတ်လ (၆) ရက် ညနေပိုင်းကလည်း KNLA တပ်ရင်း(၈)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ကြိုးပင်ဆိပ်စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း KNLA တပ်တွေဟာ မုန်းမြို့နယ်က စစ်ကောင်စီတပ်စခန်း (၅)ခုကို တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *