သြဂုတ် ၁၃၊ The Nation Voice
ကိုဇေယျာသော်နောက်ဆုံး သီဆိုခဲ့တဲ့ ‘ငါတို့ဒဏ္ဍာရီ’ သီချင်းကို We Click Youtube Channel မှာ ကြည့်ရှုသူ အရေအတွက် တစ်သန်းကျော်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ကိုဇေယျာသော်ကို စစ်ကောင်စီက ကြိုးမိန့်ပေးပြီးပြီလို့ကြေညာခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ ကိုရန်ရန်ချန်းက နောက်ဆုံးသီဆိုတဲ့သီချင်းကို ချပြပေးသွားမယ်လို့ အသိပေးကာ ဇူလိုင်လ (၂၇) ရက်နေ့မှာ We Click ယူကျု့ချန်နယ်ကနေတစ်ဆင့် အဲဒီသီချင်းကို ပြည်သူကို ချပြခဲ့ပါတယ်။
အဲဒီသီချင်းကိုစတင် တဲ့အချိန်ကစပြီး ဒီနေ့အထိ နှစ်ပတ်အကျော်အတွင်း ကြည့်ရှုသူအရေအတွက် တစ်သန်းကျော်အထိရှိလာပြီဖြစ်သလို တော်လှန်ရေးအတွက် များများကူနိုင်ရန်အတွက် ထပ်ပြီး Click ပေးကြဖို့အတွက်လည်း ကိုရန်ရန်ချန်းက သူ့ရဲ့ လူမှုကွန်ယက်ကနေ တိုက်တွန်းပြောဆိုထားပါတယ်။
