ဒီပရင်္ဂမြေ(ဒီပဲယင်း)လူထုသပိတ် တိုက်ပွဲဆီ မုံရွာပင်မသပိတ် သွားရောက်ပူးပေါင်းကာ အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြ

ဩဂုတ် ၁၃၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဒီပရင်္ဂမြေ(ဒီပဲယင်း)လူထုသပိတ်တိုက်ပွဲကို ဒီကနေ့ မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီက သွားရောက်ပူးပေါင်းပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ပြခဲ့ကြပါတယ်။ ဒီပဲယင်းမြို့နယ်က ပြည်သူလူထုဟာ အာဏာရှင်စနစ် ကျရှုံးစေရေးအတွက် စိတ်အား ထက်သန်စွာနဲ့လမ်းမထက်မှာ သံချပ်ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ပြီး အကြမ်းဖက် စစ်တပ်ကို အလိုမရှိကြောင်း သပိတ်မှောက်ခဲ့ကြပါတယ်။

အဲဒီလို သပိတ်မှောက်ရာမှာလည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့အဖွဲ့ဝင် ကိုသန်းကျော်ဦးနဲ့ မုံရွာလူငယ်အစည်းအရုံးတို့ကလာ‌ရောက်ပူးပေါင်းခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီလှုပ်ရှားမှုမှာပြည်သူလူထုကို သပိတ်တရားနဲ့ နိုင်ငံရေးအသိအမြင်တွေကိုလည်း ဟောပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *