ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲသွားရောက်ဖို့ရှိနေ

သြဂုတ် ၁၃၊ The Nation Voice

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ သြဂုတ် ၁၄ ရက်ကနေ ၁၇ ရက်အထိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုသွားဖို့ပါဝင်မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဖိတ်ကြားချက်နဲ့ လာရောက်မှာဖြစ်ကြောင်း သောကြာနေ့မှာ မစ်ချဲလ် ဘက်ချလက်ရဲ့ရုံးက ထုတ်ပြန်ပါတယ်။

ချီလီနိုင်ငံသမ္မတဟောင်းလည်းဖြစ်တဲ့ဘက်ချလက်ဟာ အခုလကုန်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအဖြစ်ကနေ သက်တမ်းကုန်မှာဖြစ်လို့ အခုခရီးစဉ်ဟာ ကုလသမဂ္ဂတာဝန်နောက်ဆုံးထမ်းဆောင်ရမယ့်ရက်တွေမှာဖြစ်လာတာပါ။ ခရီးစဉ်မှာ ဘက်ချလက်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာအပါအဝင်ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

“မဟာမင်းကြီးက မြန်မာနိုင်ငံကရိုဟင်ဂျာဒုက္ခသည်တွေကိုနေရာချထားတဲ့စခန်းတွေရှိပြီး ဒုက္ခသည်တွေ၊ အရာရှိတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့တွေ့နိုင်မယ့်ကော့က်စ်ဘဇားကိုသွားရောက်မှာလည်းဖြစ်ပါတယ်”လို့ သူ့ရုံးရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ အခုလမှာ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာတာ (၅)နှစ်မြောက်လာချိန်မှာ ဘက်ချလက်သွားဖို့ရှိနေတာပါ။မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးကို စခန်းတွေမှာနေရာချထားပေးထားပါတယ်။


Source – The Daily Star Photo – AFP

Leave a Reply

Your email address will not be published. Required fields are marked *