မန္တလေးကဆီဆိုင်တွေ အချိန် (၅) နာရီပြည့်တာနဲ့ ပြည်သူတွေ ဆီလိုသလောက်မရဘူးဆိုရင် အဆိုးမဆိုနဲ့လို့ MDY-PDFက သတိပေးလာ

သြဂုတ် ၁၃၊ The Nation Voice

စစ်အုပ်စု၏ရဲ့ မတရားအာဏာသိမ်းမှူကြောင့် ပြည်သူတွေ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ဒုက္ခရောက်နေချိန်မှာ ပြည်သူလူထုရဲ့အခက်ခဲကိုမစာနာဘဲ ဝိသမာလောဘတက်ပြီးရောင်းချနေတဲ့ ဆီဆိုင်တွေနဲ့ ဆီဈေးကွက်ကိုကစားနေတဲ့ စစ်ကောင်စီထောက်တိုင်ဆိုင်တွေကို People’s Defense Force – Mandalay ကသတိပေးချက်တစ်ခုထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ ထောက်တိုင်အဖြစ်သတ်မှတ်ထားတဲ့ဆိုင်တွေကတော့ Denko နဲ့ Boc ဆိုင်တို့ဖြစ်ပြီး မန္တလေးမှာ စက်သုံးဆီ အခက်အခဲ‌တွေ ဖြစ်နေတာကြောင့် ပြည်သူများဒုက္ခရောက်နေရပါတယ်။ ဒါ့ကြောင့် မည်သည့်အကြောင်းပြချက်ဖြင့် ဆီပြတ်လပ်သည်ဖြစ်စေ အဲဒီပြဿနာကို ဖြေရှင်းဖို့ မန္တလေးက ဆီဆိုင်အားလုံးကို စတင်ကြေညာတဲ့အချိန်ကစပြီး အချိန် (၅) နာရီ ပေးမှာဖြစ်ပြီး အချိန်ပြည့်သည်နှင့်တစ်ပြိုက်နက် ဆီလိုသလောက်ရနေတာမြင်ချင်တယ်လို့ MDY-PDF ကဆိုပါတယ်။ အကယ်၍ အချိန်ပြည့်တာနဲ့ ဆီဆိုင်တွေအားလုံး လိုသလောက်ရတာမျိုးမမြင်ရဘူးဆိုရင်တော့ အဆိုးမဆိုနဲ့လို့ ထပ်လောင်းသတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *