ရသေ့တောင်မြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊စစ်ကောင်စီတပ် အထိနာနေတယ်လို့ ဒေသခံပြော

ဩဂုတ် ၁၃၊ The Nation Voice

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ဒီမနက်ပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့ဩဂုတ် ၁၃ရက် မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ် မောင်တော – အငူမော် ကားလမ်းမှာ ကားတွေပိတ်မိနေသလို နောက်တစ်နေရာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

Photo credit – BNA

“ဒီမနက်ဖြစ်တဲ့နေရာက ရသေ့တောင်နဲ့ မောင်တောနယ်စပ်။အဲ့ဒါ ရသေ့တောင်မြို့နယ်ပဲ။ နောက်တစ်နေရာ စစ်ဖြစ်တာက မောင်တောမြို့နယ်ထဲရောက်သွားပြီ” လို့ဒေသခံက ပြောပါတယ်။ ရသေ့တောင်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ရှိတယ်လို့ ကြားရကြောင်း သူက ပြောပါတယ်။ AA ဘက်က အထိအခိုက်အကျအဆုံး အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး ရှေ့ဆက်တိုးရင် တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်းကလည်း ရခိုင်ဒေသခံက ပြောပါတယ်။

Photo credit – BNA
Photo credit – BNA

Leave a Reply

Your email address will not be published. Required fields are marked *