ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို KIA အလစ်တိုက်ခိုက်

ဩဂုတ် ၁၃၊ The Nation Voice

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဩဂုတ် ၁၃ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်က KIA တပ်ရင်း(၃)နယ်မြေ ကန်ပိုင်တီသွားလမ်းက ဘွမ်တောင် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်စခန်းကို အလစ်အငိုက် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ရက်ကလည်း အင်ဝမ်းယန် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။အဲဒီတုန်းက ဝိုင်းမော် ခလရ (၅၈)တပ်က စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကိုလည်း ဘွမ်တောင်မှာ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း KIA က ဆိုပါတယ်။

ဝိုင်းမော်နဲ့ ဆဒုံးသွား ကားလမ်းတလျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *