CDM စစ်သားတွေကို မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်ဖို့ KNU ကူညီပေး

ဩဂုတ် ၁၃၊ The Nation Voice

စစ်ကောင်စီတပ်က ထွက်ပြေးလာပြီး CDM ပြုလုပ်လာတဲ့သူတွေကို ကျန်မိသားစုဝင်တွေနဲ့ ဆုံဆည်းနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ Salween Press က ဖော်ပြခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ဇူလိုင်လက စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ(၂၀၇) တပ်ရင်းက နေ KNU ဆီ ခိုလှုံလာတဲ့ ဒုတပ်ကြပ် ကျော်နိုင်စိုးရဲ့ မိသားစုဝင်တွေကို KNU က ခေါ်ယူပေးခဲ့တာကို ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

ဒုတပ်ကြပ်ကျော်နိုင်စိုးဟာ သူ့မိသားစုနဲ့ ဩဂုတ် ၁၂ရက်က စပြီး ဆုံဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒုတပ်ကြပ်ကျော်နိုင်စိုးဟာ ဇူလိုင် ၁၆ရက်က မြ၀တီ – ဝေါ်လေလမ်း ရှေ့တန်းစစ်မြေပြင်ကနေ KNU ဆီကို ခိုလှုံလာသူဖြစ်ပါတယ်။ သူ့လိုပဲ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးပြီး KNU ဆီခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရှိနေပြီး KNU က ကောင်းမွန်စွာ ကြိုဆိုထားရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *