ကျောက်ထု – ပခုက္ကူလမ်းပိုင်း အသုံးပြုမှု ခေတ္တရပ်ထားရန် သတိပေးချက်ထုတ်ပြန်

သြဂုတ် ၁၄၊ The Nation Voice

မကွေးတိုင်းထဲက ကျောက်ထု – ပခုက္ကူလမ်းပိုင်းအား အသုံးပြုမှုခေတ္တရပ်နားထားပေးဖို့ ကျောက်ထု PDF (YRPA)က မနေ့က ညပိုင်းမှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ သြဂုတ် (၁၄) ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနိုင်တဲ့အတွက် ကျောက်ထု – ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းကို ခေတ္တ ရပ်နားပေးထားကြဖို့ သတိပေးချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် သေရေးရှင်ရေးကိစ္စများအတွက် သွားလာရန် လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးကြဖို့ မေတ္တာရပ်ခံထားပြီး လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်ကို ပြန်လည် အသိပေးသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် (၅) ရက်က ကျော်ထု – ရွှေအောင်သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကျောက်ထု PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *