ပခုက္ကူတွင် စစ်ကောင်စီ သတင်းပေးဒလန်ဟုဆိုသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သြဂုတ် ၁၄၊ The Nation Voice

ပခုက္ကူမြို့သစ်တွင် စစ်ကောင်စီ သတင်းပေးဒလန်လို့ဆိုသူတစ်ဦးကို အမည်မသိအဖွဲ့အစည်းတစ်ခုက ပစ်ခတ်ခဲ့တာကြောင့် ကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မနေ့ သြဂုတ် (၁၃) ရက် မနက် (၆) နာရီ (၁၅) မိနစ်လောက်မှာ ပခုက္ကူမြို့သစ်မှ သတင်းပေးဒလန်လို့ဆိုသူ မောင်တူး (ခ)လေတူအား အမည်မသိလက်နက်ကိုင်သူအချို့က ဦးခေါင်းကို တေ့ပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကျည်ထိမှန်သွားတဲ့ မောင်တူးဆိုသူကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပေမယ့် ညနေပိုင်းမှာ သေဆုံးသွားပြီလို့ ဒေသသတင်းရင်းမြစ်တွေမှာ ဖော်ပြပါတယ်။ အထက်ပါ စစ်ကောင်စီ သတင်းပေးဒလန်လို့ဆိုသူတစ်ဦး ပစ်ခတ်ခံရတဲ့ဖြစ်စဥ်ကြောင့် ပခုက္ကူမြို့ပေါ်မှ စစ်သားနဲ့ရဲတွေက ပစ်ခတ်ခဲ့သူတွေကို အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဓာတ်ပုံ – ပြီးခဲ့တဲ့နှစ်အတွင်း ပခုက္ကူမြို့ပေါ်မှာ စကစတပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး သွေးကွက်တွေကိုဖုံးဖို့ကြိုးပမ်းနေစဥ်(ပုံဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *