ကော့ကရိတ်မြို့ပေါ်တိုက်ခိုက်မှုမှာ ရဲမှူး အပါအဝင်စစ်ကောင်စီဘက်က ၁၂ဦး သေတယ်လို့ KNU အသိပေး

ဩဂုတ် ၁၅၊ The Nation Voice

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဲမှူးတစ်ဦး အပါအဝင် (၁၂)ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ဩဂုတ် ၁၅ရက် မနက် ၁၀နာရီလောက်က စပြီး မြို့ပေါ်က စစ်ကောင်စီပစ်မှတ်တွေကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် (၆)လက်ရရှိခဲ့ပြီး တရားဥပဒေအရာရှိတစ်ဦး၊ရုံးလုပ်သားတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က လူနေကျေးရွာတွေဆီ လက်နက်ကြီး အချက် (၅၀) ထက်မနည်းပစ်ခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *