တန့်ဆည်မြို့နယ်က စကစအဖွဲ့ဝင်တွေတပ်စွဲထားတဲ့ပျူခေါင်းဆောင်နေအိမ်ကို ဒေသခံပူးပေါင်းတပ်တွေကတိုက်ခိုက်

ဩဂုတ် ၁၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာ အရှေ့မြောက်ဘက်မှာ ပျူတွေနဲ့ စကစတပ်သားတွေတပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင် နေအိမ်ကို မနေ့က မနက်(၉)နာရီဝန်းကျင်လောက်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Taze PDF ကထုတ်ပြန်ပါတယ်။ စကစအဖွဲ့တွေ တပ်စွဲထားတဲ့ ပျုစောထီးခေါင်းဆောင်နေအိမ်ကို အရင်ဆုံး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်

။ ဗုံးသီးကျလို့ ထွက်ပြေးလာတဲ့ စကစတပ်သားတွေနဲ့ ပျူတွေကို တန့်ဆည် PDF က ဦးဆောင်ပြီးမဟာမိတ်ရဲဘော်တွေနဲ့အတူ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စကစအဖွဲ့ဝင်(၇)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စကစအဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တန့်ဆည် တပ်ရင်း(၆)ကရဲဘော်နှစ်ဦး လက်နက်ကြီးကျည် ထိမှန်ကာ (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွင် အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ကြသော မြေပြင်အဖွဲ့သားအားလုံးကို ကျေးဇူးတင်ရှိပြီး လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအား လေးစားစွာ အသိအမှတ် ပြုအပ်ပါတယ်”လို့ Taze PDF ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ တန့်ဆည် PDF တပ်ရင်း(၆)၊တပ်ရင်း(၇)နဲ့အတူ မြို့နယ် (ပကဖ)၊Guerrilla Warfare KPK ပူးပေါင်းအဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *