သြဂုတ် ၁၅၊ The Nation Voice
မြောက်ကိုရီးယားနိုင်ငံနဲ့ နားလည်မှုရှိပြီး အပြုသဘောဆောင်တဲ့ဆက်ဆံရေးချဲ့ထွင်ဖို့ရှိနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမျာ ပူတင်ကပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ်သဝဏ်လွှာပေးပို့ရာမှာ ဆက်ဆံရေးချဲ့ထွင်တဲ့လုပ်ရပ်ကြောင့် နှစ်နိုင်ငံလုံးအတွက်အကျိုးအမြတ်ရှိလိမ့်မယ်လို့ ပူတင်ကပြောပါတယ်။ ဂျပန်နိုင်ငံကို ဒုတိယကမ္ဘာစစ်မှာအနိုင်ရခဲ့ပြီးနောက်ပိုင်း (၂)နိုင်ငံရင်းနှီးမှုရှေ့တိုးလာခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကပြောပါတယ်။နှစ်နိုင်ငံရဲဘော်ရဲဘက်ဆန်တဲ့ဆက်ဆံရေး ပိုတိုးတက်လာလိမ့်မယ်လို့လည်း ကင်ကပြောပါတယ်။
အခုရုရှားနိုင်ငံဖြစ်နေတဲ့ အရင်က ဆိုဗီယက်ပြည်ထောင်စုဟာလည်း မြောက်ကိုရီးယားနိုင်ငံရဲ့မိတ်ဖက်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်ခြင်းနဲ့ အကူအညီတွေပေးခဲ့ပါတယ်။
