သြဂုတ် ၁၅၊ The Nation Voice
ရိုဟင်ဂျာတွေ အမိမြေမြန်မာနိုင်ငံက ရခိုင်ပြည်နယ်ကို ပြန်ပို့နိုင်ဖို့ မြန်မာနဲ့ အကျိုးရှိရှိစေ့စပ်ညှိနှိုင်းဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ချဲလ် ဘက်ချလက်တို့တွေ့ဆုံရာမှာ မိုမန်က တိုက်တွန်းခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေအချိန်ဆွဲပြီးနေနေရင် အပြောင်းအလဲဖြစ်ချင်တဲ့စိတ်တွေ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေမြင့်တက်လာနိုင်တဲ့အန္တရာယ်ရှိတဲ့အတွက် ဒေသတွင်းတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်” လို့ မိုမန်ကပြောပါတယ်။ ရိုဟင်ဂျာတွေရောက်ရှိကတည်းကနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာ ကာကွယ်ဆေးတွေပေးထားပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စောင့်ရှောက်နေတာကြောင့် UNDP အပါအဝင် ကုလသမဂ္ဂစနစ်တစ်ခုလုံးအနေနဲ့ ရခိုင်ပြည်နယ်မှာ စီမံကိန်းတွေဆောင်ရွက်ပြီး ရိုဟင်ဂျာတွေပြန်နိုင်ဖို့ အဆင်ပြေတဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့လည်း မိုမန်ကတိုက်တွန်းပါတယ်။
သြဂုတ် ၁၄ ရက်မနက်ပိုင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိပြီး နိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေကို စစ်ဆေးအကဲဖြတ်ဖို့နဲ့ ရက်စက်မှုတွေတွေ့ကြုံခဲ့ရတဲ့ရိုဟင်ဂျာအသိုက်အဝန်းရဲ့အတိဒုက္ခတွေကို မြင်တွေ့ရဖို့ တရားဝင်ခရီးစဉ် (၄) ရက် သွားရောက်နေတာပါ။ ၂၀၁၇ ခုနှစ်၊ သြဂုတ်မှာ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့တဲ့ရိုဟင်ဂျာသိန်းချီအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာဘက်ကထွက်ပြေးလာတဲ့ရိုဟင်ဂျာ (၁.၂)သန်းကျော်ကို လက်ခံထားပါတယ်။
