သြဂုတ် ၁၅၊ The Nation Voice
အလွန်အကျွံပျက်စီးနေမှုရန်ကနေ ကမ္ဘာ့သမုဒ္ဒရာတွေကိုကယ်ဆယ်မယ့်ဆွေးနွေးမှုတွေပြုလုပ်ဖို့ သြဂုတ် ၁၅ ရက်မှာ ကမ္ဘာ့ခေါင်းဆောင်တွေတွေ့ဆုံဖို့ရှိနေပါတယ်။ ကုလသမဂ္ဂပင်လယ်ရေမြင့်တက်မှုဆိုင်ရာသဘောတူစာချုပ်ကို ညှိနှိုင်းနေတာ (၁၀)နှစ်ကြာနေပေမဲ့ အခုထိ လက်မှတ်မထိုးနိုင်သေးပါဘူး။ သဘောတူနိုင်မယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်အကုန်မှာ ကမ္ဘာ့သမုဒ္ဒရာ (၃၀)ရာခိုင်နှုန်းကို ထိန်းသိမ်းကာကွယ်ရေးနယ်မြေအဖြစ်သတ်မှတ်တော့မှာပါ။
သဘောတူစာချုပ်ဟာ ပင်လယ်နေသတ္တဝါတွေကို အလွန်အကျွံငါးဖမ်းခြင်းနဲ့ တခြားလူသားတွေရဲ့လုပ်ရပ်တွေကနေ ကာကွယ်ပေးလိမ့်မယ်လို့ စည်းရုံးလှုံ့ဆော်နေသူတွေက မျှော်လင့်နေပါတယ်။ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ (၃) ပုံ (၂) ပုံကို နိုင်ငံတကာရေပိုင်နက်အဖြစ် လက်ရှိသတ်မှတ်ထားတဲ့အတွက် ကမ္ဘာ့နိုင်ငံအားလုံးမှာ ငါးဖမ်းခွင့်၊ သင်္ဘောဖြတ်သန်းသွားလာခွင့်နဲ့ သုတေသနလုပ်ခွင့်ရှိပေမဲ့ (၁.၂) ရာခိုင်နှုန်းကိုသာ ကာကွယ်ပေးထားနိုင်ပါတယ်။ ဒါ့ကြောင့် ရေနေသတ္တဝါတွေကို ရာသီဥတုပြောင်းလဲမှု၊ အလွန်အကျွံငါးဖမ်းမှုနဲ့ သင်္ဘောဖြတ်သန်းသွားလာမှုတွေကြောင့် ပျက်စီးနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။

