YPDF လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်လို့ ကျပ်သိန်း (၃၀၀)ကျော်ဖိုး မီးလောင်ဆုံးရှုံး

သြဂုတ် ၁၅၊ The Nation Voice

အပူလွန်ကဲတာကြောင့် လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်မှုဖြစ်ပြီး ကျပ်သိန်း (၃၀၀)ကျော်ဖိုး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ဒီကနေ့ သြဂုတ် (၁၅) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ YPDF ရဲ့ လက်နက်ခဲယမ်းဂိုဒေါင်ဟာ ဇူလိုင်လ (၃၁) ရက်နေ့ညနေပိုင်းက ယမ်းတွေအပူလွန်ကဲရာက မီးလောင်ကျွမ်းသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

” အများပြည်သူ လှုဒါန်းထားတဲ့ ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားသည့်အတွက် ပြည်သူများနှင့် အလှုရှင်များကို မိမိတို့ YPDF မှ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ နောက်နောင် အလားတူ ဆုံးရှုံးမှုများ မဖြစ်ရလေအောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်သွားပါမယ် ” လို့ ဖော်ပြပါတယ်။

မီးလောင်မှုကြောင့် ငွေသားကျပ်သိန်း(၄၀)ကျော်၊ ဆက်သွယ်ရေးစက်များ၊ ဆိုင်ကယ်များ၊ Laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုး၊ ခါးချိုးကျည် အတောင့် (၂၀၀၀) ကျော်၊ စုစုပေါင်း ကျပ်သိန်း(၃၀၀)ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်မှုဖြစ်စဥ်ကြောင့် YPDF ရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခဲ့တာမရှိခဲ့ဘူးလို့လည်း ဖော်ပြပါတယ်။ ပြည်သူတွေအနေနဲ့ ဆုံးရှုံးသွားတဲ့ ပစ္စည်းများ အစားထိုးဝယ်ယူနိုင်ရေးအတွက် ထပ်မံ လှုဒါန်းပေးကြဖို့ YPDF က တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *