ဩဂုတ် ၁၆၊ The Nation Voice
မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ဂန့်ဂါကျေးရွာက ပြည်သူလူထုကိုစိတ်ဒုက္ခပေးနေတဲ့ ပျုရှမ်းလေး(ခ) ရန်နိုင်စိုးဆိုသူကို ဩဂုတ်(၁၁)ရက်နေ့ညအချိန်လောက်မှာ မဟာမိတ်တွေနဲ့အတူ သွားရောက်ပစ်ခတ်ရှင်း လိုက်တယ်လို့ Natogyi Regional Defence Force-NRDF ကထုတ်ပြန်ပါတယ်။
ပျူရှမ်းလေး (ခ) ရန်နိုင်စိုးဆိုသူဟာလက်ရှိ မျက်မှောက်ကာလမှာ ပြည်သူလူထုအဆင်မပြေတဲ့ကြားက ကျေးရွာလူထုအပေါ်မီတာခတွေ အတင်းအဓမ္မကောက်ခံတာ၊ကျေးရွာလူထုရဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေအပြင် ကျေးရွာလူထုအပေါ် စစ်တပ်ခေါ် ကာအာဏာပြတာတွေကို အကြိမ်ကြိမ် ပြုလုပ်နေတာတွေကို ခိုင်မာတဲ့သတင်းပေးပို့မှုတွေကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ရပါတယ်။ အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကိုတော့ Natogyi Regional Defence Force – NRDF နဲ့အတူ မြေလတ် – PDF – TTA – ပြောက်ကျားတပ်၊ Seven People Defence Force တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဩ
ဒါ့အပြင် NRDF အဖွဲ့ဟာ ဩဂုတ်(၂)ရက်နေ့ကလည်း ပြည်သူလူထုကို ဒုက္ခပေး၊ခြိမ်းခြောက်နေတဲ့ စကစခန့်အုပ်ချုပ်ရေးမှူး ကျော်သိန်းဆိုသူကိုပစ်ခတ် ရှင်းလင်းခဲ့ ပြီးတောင်သာမြို့နယ်အတွင်းက စကစခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ Non CDM ဝန်ထမ်းတွေကိုလည်း အမြန်ဆုံးနှုတ်ထွက်ကြဖို့ကို နောက်ဆုံးအနေနဲ့ သတိပေးထားပါသေးတယ်။
