ဂန့်ဂေါ-မင်းရွာလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် PDF – Gangaw တောင်ပိုင်းတပ်ဖွဲ့ မေတ္တာရပ်ခံ

သြဂုတ် ၁၆၊ The Nation Voice

မကွေးတိုင်း၊ ဂန့်ဂေါ-မင်းရွာလမ်းပိုင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမလုပ်ကြဖို့ PDF – Gangaw တောင်ပိုင်းတပ်ဖွဲ့ ဒီကနေ့ သြဂုတ် (၁၆) ရက်မှာ သတိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့မနက် (၇) နာရီခွဲလောက်မှာ ဂန့်ဂေါမြို့ပေါ်မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ် အင်အား (၈၀) လောက်ဟာ ကားသုံးစီးနဲ့ လောင်ထောင်ဂိတ်မှာ အင်အားတချို့ချထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကားသုံးစီးဟာ လောင်ထောင်ဂိတ်ကနေတဆင့် ပြားရွာအရှေ့ဘက်ထဲကို ဆက်သွားနေတာတွေ့ရတယ်လို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် ဒီကနေ့မနက် (၈) နာရီခွဲလောက်ကစပြီး မြစ်သာတမံဆည်ပေါ်က အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဆည်ဦးစေတီဘုရားကုန်းဘက်လမ်းမှာ အထုပ်အပိုးများပြင်ဆင်ကာ စစ်ကြောင်းထွက်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကြောင်းနှစ်ခုလုံးဟာ ဘယ်ဘက်ကိုဦးတည်စစ်ကြောင်းထိုးမယ်ဆိုတာမသိရသေးတဲ့အတွက် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ PDF – Gangaw တောင်ပိုင်းတပ်ဖွဲ့က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *