ပင်လည်ဘူးမှာလည်း စစ်ကောင်တပ်က အကျအဆုံးတွေနဲ့ ထွက်ပြေး၊ ကရင်၊ ရခိုင်၊ စစ်ကိုင်းတို့မှာ လက်နက်ခဲယမ်းအလှူပေးပွဲတွေကို စစ်ကောင်စီတပ်တွေ ခြိမ့်ခြိမ့်သဲကျင်းပ

သြဂုတ် ၁၆၊ The Nation Voice

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေရှိတဲ့နေရာကို ဒေသကာကွယ်ရေး တပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားတွေ အများအပြား သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ထားပါတယ်။

သြဂုတ်(၁၄)ရက် ညပိုင်းက ပင်လည်ဘူးမြို့နယ် ပလူသာရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတစ်ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုကို အတိအကျအတည်မပြုနိုင်သေးဘဲ (၃၀) ကျော်လောက်တော့ သေဆုံးနိုင်ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေက ပင်လည်ဘူးမြို့ပေါ်ကို ထွက်ပြေးသွားကြကာ သေဆုံးအလောင်းတွေကိုတော့ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ လက်နက်ခဲယမ်း အလှူပေးပွဲတွေကို ခြိမ့်ခြိမ့်သဲကျင်းပနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *